အမေ

အမေ ငါဟာ..အမေ
သားတို့ရဲ့အမေ ငါဟာ..အမေ
သမီးတို့ရဲ့အမေ ငါဟာ..အမေ
လူသားအားလုံးရဲ့အမေ ငါဟာ..အမေ
လူသားအားလုံးရဲ့ ဘ၀အလှကို
ထာဝရကြည့်နေရမှ အားရကျေနပ်ရတဲ့ အမေ
ငါဟာ..အမေ။

လူသားအားလုံးရဲ့ ဒုက်ခအလုံးစုံကို
လုံးဝအကုန်အစင် ဖယ်ရှားပေးရမှ
အားရကျေနပ်ရတဲ့ အမေ
ငါဟာ..အမေ။

လူသားအားလုံးရဲ့ မတရားမှုမှန်သမျှကို
တစ်စမကျန် ဖယ်ရှားပေးရမှ
အားရကျေနပ်ရတဲ့ အမေ ငါဟာ..အမေ။

လူသားအားလုံးကို သကြားလုံးလေးလို
ပါးစပ်ထဲ ငုံထားချင်လောက်အောင်
မေတ်တာပြည့်ဝတဲ့ အမေ
ငါဟာ..အမေ။

လူသားအားလုံးရဲ့ မေတ်တာတရားကို
တစ်ဦးတည်း ပိုင်စိုးချင်လောက်အောင်
မေတ်တာပြည့်ဝတဲ့ အမေ ငါဟာ..အမေ
အမေ အမေ အမေ
ငါဟာ..အမေ....။

                              မောင်ဂရု(မြင်းမူ)

0 comments:

Post a Comment