ကမ္ဘာ့နောက်ဆုံးပေါ်အချစ်ရဲ့ စံချိန်သစ်

ဪ..

အချစ် အချစ်

ကိုယ့်ကိုယ်သာလျှင် အချစ်ဆုံးမို့

ကိုယ့်ကိုချစ်လို့ သူ့ချစ်သတဲ့…..။

 

ဪ..

အချစ် အချစ်

သမီးရည်းစားအချစ် ဇနီးမယားအချစ်

သမီးသားချစ် မိချစ်-ဘချစ် မိဘချစ်

ကိုယ့်ကိုချစ်လို့ သူ့ချစ်သတဲ့…..။

 

ဪ..

အချစ် အချစ်

ဆွေချစ် မျိုးချစ် တိုင်းချစ် ပြည်ချစ်

ကိုယ့်ကိုချစ်လို့ သူ့ချစ်သတဲ့…..။

 

ဪ..

အချစ် အချစ်

တစ်ကမ္ဘာလုံးဟာ  တစ်ရွာစာမို့ ကင်းကွာမရ

ကိုယ့်ကိုချစ်လို့ သူ့ချစ်သတဲ့…..။

 

ဪ..

အချစ် အချစ်

လူ့ရဲ့ဗီဇသဘာဝကား ပေါင်းသင်းဖွဲ့ကာ

နေတတ်တာမို့  အမုန်းကင်းကွာ

ကိုယ့်ကိုချစ်လို့ သူ့ချစ်သတဲ့…..။

 

ဪ..

အချစ် အချစ်

တကယ့်အချစ်  မှန်စင်စစ်ကား

ကိုယ်နဲ့လူသား စည်းမခြားဘဲ

တသားတည်းသာ ချစ်တတ်ပါမှ

အချစ်ကဗျာ ချစ်သစ္စာဆို

ချစ်ကမ္ဘာတိုင်မှ ဆုံးမည်ကွဲ့

တစ်စိတ်တစ်ဝမ်းကမ္ဘာတိုင်မှ ဆုံးမည်ကွဲ့။


                                  မောင်ဂရု( မြင်းမူ)

 

 

0 comments:

Post a Comment