လမိုက်တဲ့ည

လမိုက်တဲ့ည

တစ်နေကုန် တစ်ညကုန်လုပ်မှ
တစ်ထောင်နှစ်ထောင်ရတဲ့သူက
တစ်မိနစ် သိန်းချီသန်းချီရတဲ့
ကြော်ငြာထဲက
အလှမယ်လေးတွေကိုအားကျ
သက်ကြီးရွယ်အိုအလာ
အက်ဖ်အီးစီလည်းပါ။

ဒါကိုလိုချင်တော့
လူကိုရင်းကြ
ငယ်ရွယ်သူမိန်းကလေးတွေရဲ့ဘဝ
လမိုက်တဲ့ည။

မောင်ဂရု(မြင်းမူ)

0 comments:

Post a Comment